ခမောက်ကြီး ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီခန့်က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်မှ မြန်မာနိုင်ငံ၏ မမေ့အပ်သော ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်သည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် လွတ်လပ်ရေးအတွက် အသက်ပေးကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓာတ်အား ကျောင်းသား၊ ကျောင်းသူများ လေးစားအမှတ်ရနေစေရန်ရည်ရွယ်၍ အဆိုပါ ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)