ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၈

ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား()မြို့နယ် U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ပဲခူးမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် သနပ်ပင်မြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဥ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပဲခူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးချစ်ပရိတ်သတ်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးခရိုင်အားကစားမှုးက ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး ပဲခူးခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပွဲစဥ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသည့် ဝေါမြို့နယ်အမျိုးသမီးဘောလုံးအသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တတိယဆုရရှိသော ကဝမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့မိမြို့ဖ ဦးဇေယျာထွဋ်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် သနပ်ပင်မြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ပဲခူးခရိုင်ပညာရေးမှူး ဒေါ်မာမာစုက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက တံခွန်စိုက်ဆုဖလားအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား()မြို့နယ် U-20 အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၁၀)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အတွင်းရှိ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါမြို့နယ်()မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း()သင်းပါဝင်ကာ အုပ်စုပတ်လည်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

 

သက်ဖြိုးကြိုင် (ပြန်/ဆက်)