နတ်မောက်မြို့နယ် အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချအသုံးပြုကြရန် နည်းလမ်းများ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်(၉)ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိပညာပေးအကြောင်းအရာများ၊ မုန်တိုင်းနှင့်ပတ်သတ်ပြီး အရောင်(၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန်၊ မိုးလေဝသသတိပေးအချက်အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိ ပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန်စသည့် သဘာဝဘေးအန္တရာယ်အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနဦးစီးဌာန၊ မြို့နယ်မီးတပ်တပ်ဖွဲ့နှင့် အခြေခံပညာမူလတန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း