ညောင်တုန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိဈေးများ၊ သင်္ဘောဆိပ်များနှင့် လူစည်ကားရာ နေရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဝင်များက ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်ချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီး ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့် လိပ်စာနှင့်ဖုန်းနံပါတ်များ စသည့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေးလိုက်လံ နှိုးဆော်ခဲ့ပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)