မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများအား စာအုပ်စာစောင်များ ငှားရမ်းပေး

မြောင်းမြ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့်ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေးရေးအတွက် (Mobile Library Bus)ဖြင့် ယမန်‌နေ့နံနက်ပိုင်း စည်ပင်သာယာရေးကော်မတီ၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးရုံးများသို့ သုတ/ရသ စာအုပ်၊စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထို့သို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှား‌ရမ်းပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ဇေယျာ(ပြန်/ဆက်)