ကန့်ဘလူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကန့်ဘလူ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားအတုယူဖွယ် ဂုဏ်ထူးဝိ​သေသများ၊ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏အကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် နိုင်ငံကိုချစ်မြတ်နိုးသော အာဇာနည်စိတ်ဓာတ်အကြောင်းများကို ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသောကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် နယ်ချဲ့များကို တွန်းလှန်တိုက်ထုတ်ခဲ့ပုံများ၊ အာဇာနည်ကြီးများအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)