အရာတော် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် "(၁၉)ဇူလိုင် မမေ့နိုင်" ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးတို့က ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်