ဝေါမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဝေါ ဇူလိုင် ၁၇

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ဖက္ကလိပ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ဖက္ကလိပ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွဲ့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က အာဇာနည်နေ့အထိမ်းအမှတ်၊ အာဇာနည်နေ့အကြောင်း သိကောင်းစရာ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် ဗိုလ်ချုပ်၏ရင်တွင်းခံစားချက်ဖြစ်သည့် စာပေနှင့်အနုပညာခံစားချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေး ဗိသုကာစာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများက ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးရာဇဝင်အချက်များနှင့် မိန့်ခွန်းများအကြောင်း ဝေဝေဆာဆာဖော်ပြထားသည့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုမှတ်သားခြင်းများခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)