အမာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်၌ ကျင်းပခဲ့ ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနော်လေးလီယန်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် စာအုပ်ပြပွဲနှင့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသထားမှုကို ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမာမြို့၊ အထကကျောင်းမှ ဆရာမများ၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူလေးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)