စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သီးနှံစိုက်ပျိုးဧကပေါင်း (၆၄၈၈)ကျော် ရေကြီးနစ်မြုပ်

စလင်း ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  ဧရာဝတီမြစ်ရီုးတစ်လျှောက်နှင့် ထိစပ်သည့်ကျေးရွာများ မြေနိမ့်ပိုင်းဒေသကျေးရွာများ  ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်  ကျေးရွာအသီးသီးတို့ရှိ တောင်သူများ၏ သီးနှံစိုက်ပျိုးခင်းများ  ဧကပေါင်း (၆၄၈၈)ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပွားကြောင်း  စာရင်းကောက်ယူမှုများအရ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်အတွင်း  ဇူလိုင်(၁၂)ရက်နေ့မှ စတင်ကာ  ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့်  ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများ  မြစ်ကမ်နဘေးရှိ ကျေးရွာအုပ်စု(၅၈)အုပ်စု၊ ကွင်းပေါင်း(၁၂၄)ကွင်း၊ တောင်သူပေါင်း(၃၀၃၉)ဦးတို့၏  သီးနှံစိုက်ခင်းများဖြစ်သည့်  နွေစပါး(၁၃၂၃)ဧက၊ နွေနှမ်း(၃၁၄)ဧက၊ မတ်ပဲစိုက်ပျိုးဧက (၈၅)ဧက၊ နစ်မြုပ်(၆၄)ဧက၊ ပဲတီစိမ်းစိုက်ပျိုးဧက(၁၁၆၁၃)ဧက၊ နစ်မြုပ်(၃၆၂၅)ဧက၊ မိုးစပါး(၁၁၆၂)ဧက၊ စုစုပေါင်း  ရေကြီးနစ်မြုပ်သီးနှံစုံ စိုက်ခင်း(၆၄၈၈)ဧကကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)