နတ်မောက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းဆောင်ရည်မြင့်မားစေရန်၊ စကားပြောနိုင်မှုစွမ်းရည်တိုးတက်စေရေန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးက ပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူများမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား လူထုအခြေပြဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်(၁၈)နေ့တွင် ကျင်းပမည့်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ပုံပြောပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အိုးဘို)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်) ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူများနှင့် အားပေးကြည့်ရှုသည့် ကျောင်းသား/သူ(၆၇)ဦး တက်ရောက်သည်။
သိမ့်သိမ့်မိုး