ပခုက္ကူတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယ‌မန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်ဖြူဖြူသန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း‌ကြောင်း၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊ သမိုင်းဌာနမှ ကထိကဒေါ်တင်မျိုးသက်က မမေ့အပ်သော အာဇာနည်နေ့နှင့် သမိုင်းသင်ခန်းစာအကြောင်းအရာများကို ရှင်းလင်းဟောပြောကြသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများနှင့် ဟောပြောဆွေးနွေးသူများအား တာဝန်ရှိသူများက ဆုနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)