ရေတာရှည်မြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရေတာရှည် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျောက်ကုန်းကျေးရွာ၊ ကျေးရွာအဝင်ကုန်ထုတ်လမ်းရှိ လမ်းဘေးဝဲ၊ယာတစ်ဖက်စီတွင် အရိပ်ရအပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ သစ်ပင်စိုက်ပျိုးခဲ့သည်။

ထိုသို့ စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မန်ကျည်းပျိုးပင် (၅၀)ပင်နှင့် မယ်ဇလီပျိုးပင်(၅၀)ပင်၊ ဥသျှစ်ပျိုးပင်(၁၀)ပင်နှင့် ပိန္နဲပျိုးပင်(၁၀)ပင် စုစုပေါင်း ပျိုးပင်(၁၂၀)ပင်တို့အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါသစ်ပင်စိုက်ပျိုးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီစဉ်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)