ရွှေသောင်ယံ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက်ပေးရာ ရွှေသောင်ယံမြို့ရှိ ရဟန်း သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ လာရောက်ထိုးနှံခဲ့ကြသည်။
ထိုသို့ Pfizer ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ ပြန်/ဆက်