ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲသို့ တက်ရောက်အားပေး

ဓနုဖြူ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဓနုဖြူမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနသို့ ရောက်ရှိကာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံကာ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၄)ရပ်ကွက်ရှိ ဧရာဝတီဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ၊ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၃)ရှိ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ကမ်းငူကြီးကျေးရွာအုပ်စု၊ လက်ပံဇင်ကျွန်းကျေးရွာ၊ ဧရာဝတီမြစ် ဟင်္သာတ ဘက်ကမ်းတာအပြင်ဘက် မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် လက်ပံဇင်ကျွန်း အ.ထ.က(ခွဲ) စာသင်ကျောင်း မြစ်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)