ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်သည့်  ရေဘေးသင့်ပြည်သူများအား ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေး

ရွှေတောင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ယွန်းတန်းရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဓမ္မာရုံရှိ (၃၆၅)ဦး၊ အေးစေတီဘုရားဓမ္မာရုံရှိ (၁၆၅)ဦး၊ ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်ရှိ(၂၃၉)ဦး သရက်တောရပ်ကွက်၊ ရွှေဂူကြီးဘုရားဓမ္မာရုံရှိ (၇၇)ဦးနှင့် ဝိဇိတာရုံဘုန်းတော်ကြီးကျောင်းအတွင်းရှိ (၁၈၅)ဦး စုစုပေါင်း(၁၀၃၁)ဦးတို့အား နေ့လယ်စာ ချက်ပြုတ်ကျွေးမွေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)