တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၆

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community Center)ခန်းမတွင်  ယမန်နေ့ နေလယ် (၁) နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး ညဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အသိပညာဗဟုသုတများ၊ အတွေးအမြင်များ၊ အတွေးအခေါ်များ စာဖတ်သည့်​အလေ့အထများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ Grade-5 ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး ညဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူ ()ဦးတို့က ပျော်ပျော်ပါးပါးပါဝင်ယှဥ်ပြိုင်ခဲ့ကြကာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)