သနပ်ပင်မြို့နယ် ကမာဖရံကျေးရွာ၌ စက်ချုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

သနပ်ပင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်များ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကမာဖရံကျေးရွာ၊ ပဏ္ဍိတာရုံဘုန်း​တော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှသင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှုးဦးကျော်ဇင်ထွန်းက ပြောကြားခဲ့သည်။

သင်တန်းတွင် အင်္ကျီ၊ ပုဆိုး၊ ထမီ၊ ကြယ်သီး စသည်တို့ပြုလုပ်နည်းကို လက်တွေ့ဖြင့် ၄၅ ရက်ကြာ သင်တန်းနည်းပြများက (အခမဲ့)သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား ၁၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)