ရွှေဘို ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ဇူလိုင် ၁၂ ရက်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က ရွှေဘိုတက္ကသိုလ် ဒုပါမောက္ခချုပ် ဆရာမကြီးဒေါက်တာတင်တင်ရီ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများထံ သစ်ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒုပါမောက္ခချုပ်ဆရာမကြီးများ၊ ပါမောက္ခ၊ ကထိက၊ မော်ကွန်းထိန်း၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေ အထက် ပိတောက်၊ ခရေ၊ သပြေဘူတ၊ မယ်ဇယ်၊ ရေတမာ၊ စိန်ပန်းနှင့် ဝါး စုစုပေါင်းသစ်ပျိုးပင်(၆၉၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အောင်ဇေယျဂေါက်ကလပ် စိမ်းလန်းစိုပြည်သာယာလှပရေး မြို့နယ်သစ်တောဦးစီးဌာနနှင့် အောင်ဇေယျဂေါက်ကလပ်တို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အောင်ဇေယျဂေါက်ကလပ်၊ ကျင်းအမှတ်(၂) တွင်ကျင်းပရာ ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေအထက် ခရေ၊ သပြေဘူတ၊ တမာနှင့်ဝါး စုစုပေါင်းပျိုးပင် (၆၇၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)