ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ၊အရှေ့ကုန်းကျေးရွာရှိ မီးဘေးသင့်နေအိမ် တစ်လုံး အတွက် ထောက်ပံ့ ပေးအပ်

ပလောက်  နိုဝင်ဘာ  ၁၇

ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ၊ အရှေ့ကုန်းကျေးရွာတွင် နိုဝင်ဘာလ(၁၄) ရက် နေ့က မီးလောင်မှုဖြစ်ပွားသောအိမ်ထောင်စု တစ်စုကို ယမန်‌နေ့  ညနေ (၃)နာရီက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့် ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင်  မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး  (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၈၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ  (၂၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးကို ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ် က ထောက်ပံ့ပေးခဲ့ရာ နေအိမ်ပိုင်ရှင် ဦးယုဟုန်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်   (ပလောက်ပြန်/ဆက်)