ဟင်္သာတ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည့်သူ့အားကစားကွင်း၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ မိုးရာသီ မေဂျာပေါင်းစုံအမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အသင်းသားများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ အားကစားသမားများ ကွင်းအတွင်း နေရာယူခြင်း၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှ "ကျောင်းသား/သူများအနေဖြင့် ပညာရည်မြင့်မားထူးချွန်သော်လည်း ကျန်းမာကြံ့ခိုင်သောလူငယ်များ ဖြစ်စေရန်နှင့် အားကစားနှင့်ကာယပညာကိုပါ လေ့ကျင့်ကြရန်လိုအပ်ကြောင်း၊ ဘောလုံးအားကစား ကျင်းပပြုလုပ်ရာတွင်လည်း အားကစားသမားအချင်းချင်း စိတ်ဓာတ်ပြည့်ဝပြီး ချစ်ခင်ရင်းနှီးစွာကစားကြရန် လိုအပ်ကြောင်း"စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများအား ကျောင်းသူများမှ ဂုဏ်ပြုပန်းစည်းများပေးအပ်ခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းများ ပြုလုပ်ပြီး ပထမနေ့ပွဲစဥ်အဖြစ် ဒုတိယနှစ် (Hyper FC) အသင်းနှင့် ပထမနှစ် (Cyber Striker FC) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းနှင့် အဆိုပါဘောလုံးအားကစားပြိုင်ပွဲအား (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္တနှစ်) အသင်း (၄) သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)