ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ပေါင်းတည် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်တို့က ဦးဆောင်ကျင်းပပေးခဲ့ပြီး အဆင့်မြင့်ပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ၃၂၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း ၃ ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ၂၇၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း ၅ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ၂၂၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း ၄ ဦး၊ မူလတန်းကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ၂၀၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း၁၄ ဦး စုစုပေါင်ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး အတွက် စုစုပေါင်း ထောက်ပံ့ငွေ ၆၀၀၀၀၀ ကျပ်ခန့် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)