ရေတာရှည်မြို့နယ်၌ ၇၇ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ မြို့နယ်အဆင့်ကျင်းပ

ရေတာရှည် ဇူလိုင် ၁၂

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာ၊ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ မြို့နယ်အဆင့် ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်) ၌ ကျင်းပသည်။

ထိုသို့ကျင်းပရာ မူလတန်းအဆင့်တွင် "အာဇာနည်နေ့ ဒို့မမေ့" ခေါင်းစဥ်ဖြင့် က​ဗျာပြိုင်ပွဲဝင် (၈)ဦး ၊ စာစီစာကုံးပြိုင်ပွဲတွင် "ကျွန်ုပ်တို့၏ အာဇာနည်များ " ခေါင်းစဥ်ဖြင့် ပြိုင်ပွဲဝင် (၁၇) ဦး၊ အလယ်တန်းအဆင့်တွင် "၁၉ ဇူလိုင် မမေ့နိုင်" ခေါင်းစဥ်ဖြင့် က​ဗျာပြိုင်ပွဲဝင် (၇) ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် "အာဇာနည်နေ့ မမေ့သင့်ပေ ဒို့အမွေ" ခေါင်းစဥ်ဖြင့် ပြိုင်ပွဲဝင် (၁၉) ဦး၊ အထက်တန်းအဆင့်တွင် "မမေ့အပ်သော အာဇာနည်များ" ခေါင်းစဥ်ဖြင့် က​ဗျာပြိုင်ပွဲဝင် (၇)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် "လေးမြတ်ဂုဏ်ရည် အာဇာနည်" ခေါင်းစဥ်ဖြင့် ပြိုင်ပွဲဝင် (၁၂) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် "၉ ပွင့် ဇာနည်မော်ကွန်းတည်" ခေါင်းစဥ်ဖြင့် ပြိုင်ပွဲဝင် ၂ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲ၌ မူလတန်းအဆင့်တွင် (၂၅) ဦး၊ အလယ်တန်းအဆင့်တွင် (၂၆) ဦး၊ အထက်တန်းအဆင့်တွင် (၂၁) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၂) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)