ဒိုက်ဦး ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်များဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ရှေ့အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်နွဲ့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေသက်အောင်က အာဇာနည်နေ့အကြောင်းနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများဖြစ်သည့်လူငယ်ရေးရာအသိပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးစိုးနှင့်ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူများအား သိသင့်သိထိုက်သည့် နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်များအား ဖတ်ရှုစေရန်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)