ကရသူရိမြို့၌(၇၇)နှစ်‌မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကရသူရိ ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်‌မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည် (၉) ဦး၏အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အာဇာနည်နေ့ကို မမေ့လျော့ကြရန်တို့ကိုပြောကြားသည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် က‌ဗျာရွတ်ပြိုင်ပွဲကို ကျောင်းသား/သူများက (၉)ဦးအာဇာနည် ခေါင်းစဉ်ဖြင့် အသီးသီးယှဉ်ပြိုင်ကြပြီး ဆရာ/ဆရာများက အမှတ်ပေးဆောင်ရွက်ကြရာ ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်းသား/သူများ အသိ ပညာဗဟုသုတရရှိပြီး နိုင်ငံ့သားကောင်းရတနာ အာဇာနည်ကလေးများပေါ်ထွန်းစေရေး ပညာပေးဆောင်ရွက်ခြင်းဖြစ်ရာ အဆိုပါသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)