ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအခြေခံအပ်ချုပ်စက်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကျင်းပ

ပုလော ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက် မွေးဝမ်းကျောင်းအထောက်အကူပြုပညာ အမျိုးသမီးအခြေခံအပ်ချုပ်စက်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းအောင်က ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား/အငယ်စားနှင့်အသေး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို နည်းပြဆရာမ ဒေါ်စန်းစန်းအေးက သင်တန်းသူ (၁၅) ဦးဖြင့် မေလ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူ  မနှင်းနုဝေနှင့် သင်တန်းဆင်း လက်မှတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)