ကသာမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကသာ ဇူလိုင် ၁၂

ကသာမြို့နယ်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ကသာမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ လစဉ်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာကြသော ကော်မတီဝင်များမှဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ကသာမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများ၌ လစဉ်ဆောင်ရွက်မည့် အခြေအနေများ၊ ဆောင်ရွက် ပြီးစီးခဲ့သည့်အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦဝင်းထွန်းမောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့် မြို့မိ/မြို့ဖ ဦးမိုးကျော်လွင်တို့က လိုအပ်ချက်များနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကော်မတီအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာထွန်း(ကသာ)