သံတောင်ကြီး ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက်(၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၃)၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့စာအုပ်များ ကွင်းဆင်းငှားရမ်းပေးရာတွင် သုတစာအုပ် ၊ ဝတ္တု ၊ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ပုံပြင် ၊ ရုပ်ပြ စသည့်စာအုပ်များစုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား တစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမင်းသား