ကျွန်းလှ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုသင့်တင့်မျှတရေး၊ သစ်တောသစ်ပင် ချစ်မြန်နိုးစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။
ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ပျိုးပင်များ ဖြန့်ဝေပေးပြီး ပျဉ်ကတိုးအပင် ၂၀၀ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါအလယ်တန်းကျောင်းဝင်းတွင် ကျွန်း၊ ပိတောက်နှင့် ပျဉ်းကတိုးပျိုးပင် ၇၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ