တောင်ငူ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၃/၂၀၂၄) ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဖွင့်လှစ်သည်။
ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း ဘာသာရပ်ကို စာတွေ့လက်တွေ့သင်ကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း (၈) ဦး တက်ရောက်သင်ကြားလျက်ရှိကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးမှ လုပ်ငန်းစီမံချက်ရေးသားခြင်းနှင့် ရုံးစာရေးသားနည်းဘာသာရပ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ဝင်စာထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းဘာသာရပ်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းနည်းဘာသာရပ်၊ ရုံးလုပ်ငန်းများစစ်ဆေးခြင်းနှင့် ကွပ်ကဲခြင်းဘာသာရပ်တို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)