ကန့်ဘလူ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း ( ၄/၂၀၂၄) ဆင်းပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၄/၂၀၂၄)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၁၂) နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။

  အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လတာတွင် (Microsoft Word ၊ Excel ၊ Power Point)  စသည့် ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)