ပွင့်ဖြူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပွင့်ဖြူမြိုနယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကြူက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်စပ်လျဉ်း၍ ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပေးရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)