ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ သူ​လေးများအား ကျန်းမာရေးစစ်ဆေး‌ပေးခြင်း ဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ​တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ​သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်ခမ်းစပ်ရောဂါကာကွယ်​ရေး စစ်ဆေးပေးခြင်းနှင့် အသိပညာ​ပေး​ဟော​ပြောပွဲ အခမ်းအနားကို ယမန်​နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာ​ဦးစီးဌာနမှသွားနှင့် ခံတွင်းဆရာဝန်ကြီး ဒေါက်တာ ထွန်းလင်းနေဇာ၊ မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်ရီနှင့် ကျန်းမာရေးဝန်ထမ်းများက​ကျောင်းသား/သူ​လေးများအား သွားနှင့်ခံတွင်းကျန်းမာ​ရေးအတွက် အသိပညာ​ပေး​ဟော​ပြောခြင်း၊ ကျန်းမာ​ရေးစစ်​ဆေး​ပေးခြင်း သွားနှင့်ခံတွင်း၊ မျက်ခမ်းစပ်ရောဂါကာကွယ်ရေးအတွက် စစ်​ဆေးပေးခဲ့သည်။

ထိုသို့ ​ဆောင်ရွက်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာ​ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကူညီ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)