တောင်ငူ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၈ရက် ညနေ ၅ နာရီအချိန်မှစတင်၍ ည ၈ နာရီ အချိန်ထိ တောင်ငူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောကျော်မင်းဦးနှင့် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးတင်ဦးတို့ ဦးဆောင်သောအဖွဲ့သည် ရန်ကုန်-မန္တလေးသွားကားလမ်း၊ ဗိုလ်မှူဖိုးကွန်းလမ်း၊ ထီးလှိုင်ကွန်ကရစ်လမ်း၊ တောင်ငူ-သံတောင်သွားကားလမ်း၊ ဈေးလမ်းတို့တွင် လှည်ကင်းများဆောင်ရွက်ပြီး မင်းကြီးညိုရုပ်တု၊ ခပေါင်းတံတား၊ စစ်တောင်းတံတားနှင့် ၁၄၆ မိုင်စစ်ဆေးရေးဂိတ်တို့တွင် တောင်ငူတပ်နယ်မှ တပ်မတော်သားများနှင့်ပူးပေါင်း၍ ယာဉ်စစ်ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)