ရွှေကျင်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် သား/ငါးနှင့် စားသောက်ကုန်ပစ္စည်းများအား ရောင်းချပေး

ရွှေကျင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် သား/ငါးနှင့် စားသောက်ကုန်ပစ္စည်းများအား မြို့နယ်စည်ပင်သာယာ‌ရုံးရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၏ ဦး‌ဆောင်မှုဖြင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူများက ရွှေကျင်မြို့နယ်အတွင်းရှိ မိဘပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝက်သား(၁)ပိဿာ (၁၂၀၀၀)ကျပ်၊ အမဲသား(၁)ပိဿာ (၁၂၀၀၀)ကျပ်၊ ငါး၊ ကြက်ဉ၊ ဘဲဉနှင့် ဒေသထွက်သီးနှံများအား မိမိတို့ တတ်နိုင်သမျှဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)