ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေတောင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲဆောင်ရွက်မည့် အကြောင်းအရာများနှင့် နိုင်ငံတော်ပံ့ပိုးထောက်ပံ့ငွေဖြင့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့၏ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများနှင့် ရွှေတောင်မြို့နယ်အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား လမ်းညွှန်မှာကြား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးမှုအပေါ် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ (၃)သိန်းကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်က လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)