ကြို့ပင်ကောက် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြာပြီး အာဇာနည်နေ့ဒို့မမေ့ခေါင်းစဥ်ဖြင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ စာစီစာကုံးပြိုင်ပွဲသို့ အ.မ.က ကျောင်းကုန်းကျောင်းမှ Grade -5 ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အ.မ.က ကျောင်းကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း