ပန်းတောင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ တောင်ပို့ကွင်းကျေးရွာရှိ တောင်ပို့ကွင်း-ရုံးပု ရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သော အုတ်ရေပေးမြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော စင်မြင့်ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ကျောက်ဖူးကျေးရွာအုပ်စု၊ ဆင်လူးကျေးရွာရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)