ပလောက်မြို့၌ ရွှေခရုကာကွယ်နှိမ်နင်းနည်း (IPM) စနစ်ကျင့်သုံးရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပလောက်  ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေခရုကာကွယ် နှိမ်နင်းနည်း (IPM) စနစ် ကျင့်သုံးရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသော်ဇင်ထွန်းက ရွှေခရုကာကွယ်နှိမ်နင်းနည်း (IPM)စနစ်ကျင့်သုံးရန်အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်ရှင်း လင်းဆွေးနွေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူလယ်သမား (၃၁) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)