ပန်းတောင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၃ နာရီအချိန်က (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည် (၉) တို့၏ လေးစားအတုယူဖွယ်စိတ်ဓာတ်တို့ကို ဗဟုသုတရဖွယ်ပြောကြားခဲ့ပြီး ပြိုင်ပွဲများနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများကို ပြောကြားကာ ပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.က(လွန်)ဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား/သူများ ပိုမိုထက်မြက်လာစေရန် လစဥ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး စိတ်ပါဝင်စားသော ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း တတ်နိုင်သမျှရှာဖွေစုဆောင်းမှတ်သားလေ့လာထားသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)