ကရသူရိမြို့၌ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှော‌ရောဂါ ကြိုတင်ကာကွယ်ရေး စားသောက်ဆိုင်များ၊ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကရသူရိ   ဇူလိုင်   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှော‌ရောဂါ ကြိုတင်ကာကွယ်ရေး စားသောက်ဆိုင်များ၊ ဈေးဆိုင်များအား လိုက်လံစစ်‌‌ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ မြို့စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် ကျောင်းတွင်းဈေးဆိုင်များအား ယင်နားစာများမရှိစေရေး၊ အစား/အသောက်များသန့်ရှင်း/ လတ်လက်စေရေးနှင့် ရက်လွန်အစား/အစာများရောင်းချမှု မရှိစေရေးတို့ကို စစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ခြင်းသည် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့်စည်းကမ်းများအား လိုက်နာဆောင်ရွက်‌ရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများသို့ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)