မင်းတုန်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မင်းတုန်း ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မြန်မာ့လယ်ယာဖံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှစ၍ မိုးရာသီ စပါးနှင့်အခြားသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့နံနက်ပိုင်းတွင် ကျောက်ကြီးကျေးရွာအုပ်စုရှိ တောင်သူပေါင်း (၁၀၄)ဦးအား ထုတ်ချေးပေးလျက်ရှိသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ မိုးစပါးနှင့် အခြားသီးနှံအတွက် ကျေးရွာအုပ်စု (၆၁)အုပ်စုရှိ သီးနှံစိုက်ပျိုး ဧက (၁၁၂၀၀)အတွက် တောင်သူပေါင်း (၄၃၀၀)ဦးကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၁၅၅၀) ထုတ်ချေး‌ပေးရန် လျာထားပြီး ယနေ့အထိ ကျေးရွာအုပ်စု (၂၂)အုပ်စုရှိ သီးနှံစိုက်ပျိုးမြေ (၃၅၇၃)ဧကအတွက် တောင်သူ (၁၂၃၁)ဦးကို (၄၇၈.၀၅၀)ကျပ်သန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)