မင်းတုန်း ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ကံပိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက လူငယ်များ ငယ်စဉ်ကတည်းက ကိုယ်ချင်းစာစိတ်ထားသည့် အလေ့အကျင့်မွေးမြူရန်လိုအပ်ပုံ၊ အမုန်းစကားပြောဆိုခြင်း ရှောင်ကျဉ်ရန်နှင့် အမုန်းစကားမှတစ်ဆင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် အန္တရာယ်အကြောင်းများ ဟောပြောပြီး မြို့နယ်အားကစားမှူး ဦးချစ်ကိုကိုအောင်က လူငယ်နှင့် အားကစားဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အားကစားလှုပ်ရှားမှုဆောင်ရွက်ရန်အတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)