ဘားအံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဘားအံ    ဇူလိုင်  ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ပုဂ္ဂိုလ်များကို အတုယူ အားကျပြီး မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာပေဗဟုသုတများ ပြည့်စုံစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက  စတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ပွဲများကို ဘားအံမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် တုနှိုင်းမမှီ အာဇာနည်  ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၂၃၆)ဦး၊ (၁၉)ဇူလိုင် မမေ့နိုင် ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၄၆၅)ဦး၊ အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၄၁၂)ဦး ပါဝင် ယှဉ်ပြိုင်ကြပြီး အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများကိုလည်း သက်ဆိုင်ရာ အခြေခံပညာကျောင်းတွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြောင်း ဘားအံမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)