ကျွန်းလှမြို့၌ ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ပိတောက်မြိုင်ရပ်ကွက်၊ နှင်းဆီလမ်း(အနော်ရထာလမ်းမှ ၂ လမ်းထိ)ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ကျောက်ချောလမ်း အရှည် ၇၀၀ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မကို  ထောက်ပံ့ရန်ပုံငွေကျပ် ၁၇ ဒသမ ၅ သန်းဖြင့် ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါကျောက်ချောလမ်းခင်းခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းပြီးစီးပါက ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ