မအူပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)လမ်းသစ်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခြေခံပညာအလယ်တန်းကျာင်း(ခွဲ)လမ်းသစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆင့်ဆင့်ဝေမှစာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး အသိပညာပေး ဟော‌ပြောဆွေးနွေးသည်။

၎င်းနောက်စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)လမ်းသစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)