နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်

နတ်မောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှိုက်စွန့်ပစ်ပစ္စည်းများ စနစ်တကျထားရှိရေးနှင့် စွန့်ပစ်ပစ္စည်းများမှ ဆွေးမြေ့အမှိုက်များအား မြေဆွေးအဖြစ် အသုံးပြုနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊ ရေမြောင်းအတွင်းသို့ အမှိုက်များ မစွန့်ပစ်စေရေး၊ မိမိတို့၏ နေအိမ်၊ ရုံး/ ဌာန၊ စာသင်ကျောင်းများ၏ ခြံဝန်းအတွင်း အမှိုက်ကျင်းတူးဖော်၍ အမှိုက်စွန့်ပစ်စေရေးနှင့် ဆွေးမြေ့အမှိုက်များအား မြေဆွေးအဖြစ်အသုံးပြုစေရေးတို့ကို အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် လှည့်လည်ကြေညာခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူစန်း