ကံမမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြှပ်သည့် အိမ်ထောင်စုများအား ရေကင်းလွတ်ရာသို့ ရွှေ့ပြောင်း

ကံမ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၌ မြစ်ကမ်းနားအနီးတွင်‌နေထိုင်ကြသည့်  နေအိမ်အတွင်းသို့  ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရေများဝင်ရောက်လာသဖြင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်တွင် နေထိုင်သည့် အိမ်ထောင်စု(၈)စု လူဦးရေ(၃၅)ဦးတို့အား ယမန်နေ့ ညနေပိုင်းတွင် ရေကင်းလွတ်ရာအမှတ်(၂)ရပ်ကွက် တော်ပေါ်ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

ထိုသို့ အိမ်ထောင်စုများရွှေ့ပြောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအုန်းဌေး၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကို ကူညီစီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)