ညောင်တုန်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း ဇူလိုင်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်ကုသရေးဦးစီး‌ဌာနမှူး ဒေါက်တာစိုးလှိုင်ဦးက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု‌အ‌ခြေအနေများနှင့် ပတ်သက်သည့်အ‌ကြောင်းအရာများကိုလည်း‌ကောင်း၊ ကျန်းမာရေးမှူး ဦးဌေးဝင်းက ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများနှင့် ဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)