ပန်းတနော်မြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ပန်းတနော် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများအနေဖြင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ၌ ယနေ့နံနက်ပိုင်းက အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာစားသုံးခြင်းကို ရှောင်ကြဥ်ပါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရသော အကြောင်းအရာများ၊ ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများမဖြစ်ပွားစေရန် သန့် (၄) သန့်ကို လိုက်နာပါ၊ ဝမ်းပျက် ဝမ်းလျှောခြင်းတွေ ဖြစ်တဲ့အခါ အဓိကလုပ်ဆောင်ရမည့်အရာများ၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အိမ်တွင်းကုထုံးများ၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ပါ၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသပါ စသည့်အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိရာ ပြည်သူများက စိတ်ဝင်တစားဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)